ပြင်ဦးလွင်က သီပေါမင်း၏ အနွယ်တော်များ
အင်္ဂလိပ်တို့သည် အောက်မြန်မာနိုင်ငံကို ၁၈၅၂ ခုနှစ်တွင် အပြီးအပိုင် သိမ်းပိုက်ပြီးနောက်
အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ရန်အတွက် အင်္ဂလိပ်စစ်တပ်သသည် သရက်ညမြို့၌ ၁၈၈၅ ခုနှစ်တွင်
စုစည်းခဲ့ကြသည်။ အင်္ဂလိပ်စစ်တပ်သည်အမြောက်များနှင့် ခြေလျင်တပ်များကို ဖောင်ပေါ်တင်ကာ၊
ထိုဖောက်များကို မီးသင်္ဘောများဖြင့်ဆွဲပြီး ချီတက်လာကြသည်၊
နိုဝင်ဘာလ (၁၄)ရက်နေ့တွင် သရက်နှင့်မင်းလှကြားတွင်း မြန်မာသင်္ဘောများကို အင်္ဂလိပ်တို့ဘက်မှ
ဧရာဝတီနှင့်ကသရင်း သင်္ဘောနှစ်စင်းမှ တိုက်ခိုက်၏။ မြန်မာလက်အောက်တွင် အမှုထမ်းနေသော
အီတာလျံလူမျိုး ကိုမိုတိုသည်သင်္ဘောကို စွန့်ခွာ၍ ထွက်ပြေးလေသည်။ မြန်မာသင်္ဘောကို စွန့်ခွာ၍
ထွက်ပြေးလေသည်။
မြန်မာသင်္ဘောပေါ်မှ မြစ်ကြောင်းပိတ်ဆို့ရေး အစီအစဉ်ပြမြေပုံတစ်ခုကို အင်္ဂလိပ်တို့ ရရှိသွားသည်။
ထိုကြောင့် အင်္ဂလိပ်များသည် ဧရာဝတီမြစ်ရိုး မည်သည့်နေရာများ၌ ရေကြောင်းပိတ်ဆို့မှုများပြုလုပ်ရန်
မြန်မာများဘက်မှ စိုင်းပြင်းထားသည်ကို ကောင်းစွား သိရှိခွင့် ရရှိသွားလေသည်။သို့ဖြင့် အင်္ဂလိပ်တို့သည်
မည်သည့်နေရာ၌ တိုက်ပွဲပြင်းထန်မည်။မည်သည့်နေရာတွင် တိုက်ပွဲပြင်းထန်မည် မဟုတ်ဆိုသော
အချက်များကို ကြိုတင်သိရှိထားလေသည်။ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်သွားကြသော
အင်္ဂလိပ်တပ်များသည်မင်းလှတွင် မြန်မာတပ်များနှင့်အကြီးအကျယ်တိုက်ခိုက်ကြရ၏ ညောင်ဦးတွင်လည်း
အနည်းငယ် တိုက်ခိုက်ကြရ၏ တိုက်တိုင်းပင်ခေတ်မီလက်နက်ကိုင်ဆောင်ထားသောအင်္ဂလိပ်တပ်များက
အရေးသာသောကြောင့်ရှေ့သို့ ဆက်လက်ချီတက်မြဲချီတက်သွားကြသည် နိုဝင်ဘာလ (၂၅)
ရက်နေ့တွင်မြင်းခြံသို့ ဆိုက်ရောက်ခဲ့လေသည်။နိုဝင်ဘာလ (၂၈ ရက်နေ့၊ နံနက် (၁၀) နာရီ အချိန်တွင်
အင်္ဂလိပ်တပ်များသည် မန္တလေးသို့ ဆိုက်ရောက်လာကြပြီး ပရင်းဒါဂပ်သည် ကင်းဝန်မင်းကြီးအား
မိမိထံလာရောက်တွေ့ဆုံရန် ခေါ်ငင်ခဲ့သည်။သို့သော်ကင်းဝန်မင်းကြီး အချိန်မီရောက်လာခြင်း
မရှိသောကြောင့် သင်္ဘောများပေါ်မှအင်္ဂလိပ်စစ်တပ်များသည် ကုန်ပေါ်သို့ဆင်းကာ ဘင်ခရာအစုံအလင်
တီးမှုပြီး၊ နံဘေးဝဲယာမှ ကြည့်ရှုနေကြသည့် မန္တလေးမြို့သူမြို့သူများကြားမှမန္တလေးနန်းတော်ကြီးရှိရာသို့
ချီတက်သွားကြ၏။
ထိုတပ်များ၏ ရှေ့မှနေပြီး ကာနယ်စလေဒင်၊ ကာနယ်စလေဒင် ၏စကားပြန်ဖြစ်သူမစ္စတာနယ်ကောလက်
နှင့်ဧရာဝတီမီးသင်္ဘောကုမ္ပတီမှကပ္ပတိန်မော်ဂန်တို့လိုက်ပါလာကြသည်။မော်ဂန်မှာမှာ မန္တလေး
နန်းမြို့တော်အတွင်းပိုင်း၌ မည်သည့်အရာများ ရှိသည်ကို ကောင်းစွာသိသော နေရာကျွမ်းကျင်
သူဖြစ်သောကြောင့် ဖြစ်သည်။
မြန်မာမင်းလက်ထက်က ပြင်ဦးလွင်
မြန်မာမင်းလက်ထက်က ပြင်ဦးလွင်အပါအ၀င် ၀က်ဝံ၊ပြင်သာ(ပြင်စာ)၊ဇီးပင်ကြီးရွာ များတွင်အောက်ပါ
ရာထူးများ ပေးပြီးအဆင့်ဆင့်အုပ်ချုပ်၍ အခွန်ငွေများ ပေးဆောင်ကြရသည်။
(၁) ရွာအုပ်ကြီး
(၂) ရာအိမ်မှူးများ
(၃) ဆယ်အိမ်မှူးများ
ထို့ပြင် ပြင်ဦလွင်ဒေသတွင် အောက်ပါဖော်ပြပါ အမည်များဖြင့် နယ်ခွဲ၍ အုပ်ချုပ်ခဲ့ စေသည်။
(၁) ပြင်ဦးလွင်
(၂) လက်ျာ ခြောက်ရွာ (တောင်)
(၃) လက်ျာ ခြောက်ရွာ (မြောက်)
(၄) အုန်းခွန် (အုန်းကွန်)
အခွန်တော်ငွေ ကောက်ခံရာတွင် ကျေးလက်တောရွာနေ တောင်သူလယ်သမားမျာ၏လယ်ယာကိုင်းကျွန်းမှ
ထွက်ရှိသော သီနှံများအပေါ် ဆယ်ခိုင်တစ်ခိုင်ကောက်ခံခြင်း၊ စပါးစိုက်ပျိုး သူတို့ထံမှ အခွန်တ်ေအဖြစ်
စပါးတစ်ရာပေါ်၌ ငွေသားနှစ်ကျပ် ကောက်ခံလေသည်။ ရွာအုပ်များ၊ သူကြီးများက ကျေးရွာလူထုထံမှ
အမှုသေး၊ အမှုငယ်များ တိုင်တန်းသည့်အခါ၌ (ကွမ်းဘိုး) ဟုခေါ်သော အခွန်များကို
အမျိုးမျိုးကောက်ခံကြသည်။
(၁၂၁၄) ခုနှစ် တပါင်းလဆန်း (၁၁) ရက်နေ့ တွင် နန်းတက်တော်မူသော မင်းတုန်းမင်းတရားကြီး
လက်ထက်၌ အခွန်တော်ကောက်ခံရေး စနစ်ကို (၁၂၂၉) ခုနှစ်မှ စတင်၍ တောင်သူလယ်သမားများ၊
ဆင်းရဲသားတို့ ထံမှ အခွန်တော် အမျိုးမျိုးကောာက်ခံစေခြင်း မပြုစေဘဲ၊ မြန်မာနိုင်ငံလုံးတစ်ပြေးညီစွာ
သတ်မှတ်ထားသည့် (သဿမေဓအခွန်တော်) ကိုသာ စည်းကြပ်ကောက်ခံစေခဲ့သည်။
ပြင်ဦးလွင်ဒေသတွင်လည်း ထိုအချိန်က သဿမေစအခွန်တော်ကို ကောက်ခံခဲ့သည့်
အထောက်အထားတစ်ခုကို တွေ့ရသည်။
ယခု မန္တလေး-ပြင်ဦးလွင် ကားလမ်း (၂၁) မိုင်စခန်းအနီးတွင် တည်ရှိသော ညောင်ပေါရွာ
ဘုန်းကြီးကျောင်းမှ ပဌမဆရာတော်သည် သီပေါမင်းဘုရင်နှင့် ငယ်စဉ်အခါက ကိုရင်ဘ၀တွင်
အတူတကွ စာပြန်ခဲ့ဖူးသည့် ဆရာတော်ဖြစ်သည်။
ညောင်ပေါဆရာတ်ာဘုရားသည် ပထမပြန်စာမေးပွဲ အောင်မြင်ခဲ့သောအခါ ဆရာတော်၏
မိဘသားချင်းများကို သဿပေဓအခွန်တော် ကင်းလွတ်ခွင့်ပြုကြောင်း နေပြည်တော်
သဿမေဓဌနချုပ်အတွင်းဝန် ပင်းမြိုးစားမင်း ၏ (၁၂၃၉) ခုနှစ် စာချွန်တော်ကို အောက်ပါအတိုင်း
ထုတ်ပြန်ခဲ့သည်။
အမိန့်စာချွန်တော်
အုန်းကျွန်းရွာ (သဿမေဓ) အခွန်တော် အရာရှိတို့နှင့် ကျေးရွာ စီရင်စုသူကြီးခေါင်း အကြီးတို့
မင်္ဂလာရာမတိုက်ဆရာတပည့် (၁၂၃၉) ခုနှစ်၊ ပဌမစာတော်ပြန် ရဟန်းတော်ရှင် စမ္မဘိဝံသ၏
အရင်းခြားအစ်ကို၊အစ်မတို့ကို(သဿမေဓ)အခွန်တော်ငွေမစ၍မ င်းမှုခင်းရိတ်ကြေးငွေအသေးအဖွဲ့
အခွဲအခန့်လူပအစေအပါးမရှိ၊နှစ်စဉ်ပဌမပြန်မိဘအစ်ကိုတို့နည်းလွတ်ပြီးမင်းစေဘုရားအမိန့်တော်မြတ်ကို
ဦးထိပ်ထက်ဆင်ရသည့် အတွက် မင်္ဂလာရာမတိုက်ဆရာတော် တပည့်ပဌမစာတော်ပြန် ရဟန်းအရှင်
စမ္မာဘိဝံသ မိဘအစ်ကိုရင်းခြားမှန်သူ အုန်းကျွန်းနယ်စီရင်စု (ညောင်ပေါရွာ) က-င၀ အမိ မိသိန်း ဦရီး
ငထွေး၊ မယားမိစံ၊ ၎င်းင်းပထွေးတော် အစ်ကို ငချမ်းအို၊ ၎င်းကျော်ဝ ၎င်းငကြူတို့ကို (သဿမေဓ)
အခွန်တော်ငွေ အတောင်းအခံမရှိ ရဟန်းတော် တစ်ဘ၀ လွတ်ငြိမ်းစေရမည်။
ပြင်ဦးလွင်
ပြင်ဦးလွင်ကို သက္ကရာဇ် ၁၂၁၂(၁၈၅၀) ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်ဟု သုသေသီများ
ဆိုကြသည်။ထိုသို့ဆိုရခြင်းမှာ အောင်မြေဘုံသာကျောက်စာအရဆိုရခြင်ဖြစ်သည်။ယင်းကျောက်စာမှာ-
မဟာသောဘိတရာမကျောင်းတိုက်(ဈေးတောင်ကျောင်းကြီ)၀င်း၊
အောင်မြေဘုံသာ မဟာဆုတောင်းပြည့်စေတီ ၏ တောင်ဘက်ခြေတော်ရင်း၌
စိုက်ထူထား၍ ကျောက်စာတိုင်နှစ်တိုင်ရှိသည့် အနက်အနောက်ဘက်ကျောက်စာဖြစ်သည်။
နှစ်မျက်နှာရေးထိုးထားပြီး ပြင်ဦးလွင် သမိုင်းအစနှင့် စပ်လျဉ်း၍ ကျောက်စာ၏ မျက်နှာ
ဘက်ကြောင်းရေ(၁၉-၂၀)တွင်-
ကောဇာဒီယ၊ထောင့်နှစ်ရာမှစွန်းထတစ်ဆယ်၊နှစ်ခုကယ်၍၊တိုင်းဝယ်ဋ္ဌာန၊ကမ္ဗောဇတွင်၊
ဒေသတစိတ်စိုးမိုးကြိတ်သည်၊ဂုဏ်ဟိတ်တောက်ထိန်၊မဟာဟု၊မနိန်စင်ဖြူ၊
မောင်ခန်းဦးနှင့်မတူမယွင်း၊သူကြီးမင်းတည့်၊သတင်းပြန့်မွှေး၊မောင်မောင်ဒွေးတို့၊
စုဝေးတိုင်ပင်၊ပြင်ဦးလွင်ဟုမည်တွင်မည့်ဆောင်ရွာတည်ထောင်၍
ဟုပါရှိရာ ပြင်ဦးလွင် ကိုသက္ကရာဇ် ၁၂၁၂ (၁၈၅၀)တွင်စတင်ပေါ်ပေါက်ကြောင်း
အခိုင်အမာဆိုကြခြင်းဖြစ်သည်။ကျောက်စာရေးထိုးသည့် နှစ်ကိုကျောက်စာ၏ ကြောင်းရေ(၂၁)တွင်
မြန်လျင်ဝေါဟာ၊နှစ်ကောဇာကား၊အဌာသတ္တ၊ဒွီဧကတည့်
ဟုပါရှိသဖြင့် ပိဋကတ်သင်္ချာနည်းအရ သက္ကရာဇ် ၁၂၇၈(၁၉၁၆)ခုနှစ်ရေးထိုးကြောင်သိရသည်။
သက္ကရာဇ် ၁၂၁၂ ခုနှစ် ၊ပြင်ဦးလွင်စတင်တည်ထောင်သည့်အကြောင်းအရာကို သက္ကရာဇ်

သဘာဝပေါက်ပင်
ပြင်ဦးလွင်မြို့နယ် အတွင်း သဘာဝပေါက်ပင် အမျိုးအစားများ ကိုခွဲခြားသောအမြဲစိမ်းတော၊
အထက်ရွက်ပြတ်ရောနှောတောစို၊အထက်ရွက်ပြတ်ရောနှောတောခြောက်၊ရွက်ပြတ်ရောနှောတော၊
အင်တိုင်းတောနှင့်၊အင်တိုင်းချုံတော၊တောင်ပေါ်တောခြောက်တော ၆ မျိုး ကွဲပြားလျက်ရှိသည်။
သစ်တောအမျိုးအစားလိုက်အဓီကပေါက်ရောက်သောအပင်များမှာ အမြဲစိမ်းတောတွင်-
ကညင်၊ပျဉ်းကတိုး၊၀ါးပိုး မျက်ဆံကျယ် နှင့် ထီးဝါးတို့ဖြစ်သည်။
အထက်ရွက်ပြတ်တောစိုတွင်-ကျွန်း၊ပျဉ်ကတိုး၊အင်၊အင်ကြင်း၊ထောက်ကြံ့၊သစ်ယာ၊နှော၊ဘင်္ဂ၊
ဝါးပိုးမျက်ဆန်ကျယ်၊၀ါးဖြူကြီး၊တင်းဝါး တို့ပေါက်ရောက်သည်။
အထက်ပါရောနှောတောခြောက်တွင် ကျွန်း၊ပျဉ်ကတိုး၊ဖက်ဝန်း၊ဂျီ၊ ပိတောက်၊နှော၊တင်းဝါး၊သနပ်ခါး၊
မျှင်ဝါး၊၀ါးဖြူကလေး၊၀ါးဖြူကြီး များပေါက်ရောက်သည်။
အောက်ရွက်ပြတ်ရောနှောတောတွင်ဖက်စို့၊ဖက်ခါး၊မျောက်ငို၊သပြေ၊ဂုံး၊သင်းဝင်၊ထောက်ကြံ့၊ရေပတုန်း၊
စသည်တို့ပေါက်သည်။
အင်တိုင်တောမြင့်တွင်-အင်၊သစ်ယာ၊အင်ကြင်း၊သစ်စေး၊တညင်၊၀ါးဘိုး၊ အတော်များများ
ပေါက်ရောက်သည်။အင်တိုင်ချုံတောတွင် အင်၊အင်ကြင်း၊သစ်ယာနှင့်ဝါးများလည်း ပေါက်ရောက်သည်။
တောင်ပေါ်တောခြောက်တွင် ၀က်သစ်ချ၊သစ်အယ်၊ညံ၊စကပ်၊သစ်ချ၊မက်လိန်၊ရင်းဂူကြီး၊ဖက်ကြံ့၊ဂုံး
တို့ပေါက်ရောက်သည်။
မြေဆီလွှာ
ပြင်ဦးလွင်မြို့နယ်သည် ကုန်းမြင့်ဖြစ်သည့်အလျောက် အပူပိုင်းခြောက်သွေ့ဒေသနှင့်ဆက်စပ်နေသည့်
အလျောက် မြေဆီလွာ အမျိုးအစားစုံလင်စွာတွေ့ရသည်။ရေဆင်းနှင့်ရာသီဥတု အနေအထားအလိုက်
တွေ့ရသော မြေဆီလွာအမျိုးအစားများမှာလယ်မြေ၀ါ၊မြေ၀ါသဲဝန်း၊မြေနီနှင့် တောင်မြင့်မြေနီ၊ကာဘွန်နိတ်
မြေမည်းများဟု ကွဲပြားတွေရှိရသည်။

ရေဆင်း
မြို့နယ်အတွင်း စီးဆင်းနေသောချောင်း များမှာ မြေမျက်နှာပြင် ပိုမြင်သည့်ဗဟိုပိုင်းမှ ချောင်းဖျားခံ ပြိး
မြောက်အရပ်မှအပ ကျန်အရပ်မျက်နှာသို့ စီဆင်းကြသည်။ချောင်းအများစုမှာ မြို့နယ်အရှေဘက်နှင့်
တောင်ဘက်တွင် ကွေ့ဝိုက်စီဆင်းနေသောဒုဋ္ဌ၀တီမြစ်အတွင်သို့စီးဆင်းကြသည်။တောင်ကုန်းတောင်တန်း
များ များပြာခြင်း မိုးရေချိန် ၅၀ လက်မ ကျော် ရှိခြင်း သစ်တောများထူထပ်ခြင်း စသော အချက်များကြောင့်
ချောင်းပေါများသည်။ တစ်နှစ်ပတ်လုံး ရေမပြတ်စီးဆင်းသောထင်ရှားသည့် ချောင်းများမှာ-
ဓါတ်တော်ချောင်း၊ဒီးဒုတ်ချောင်း၊ ကပြုချောင်း၊ဆင်ဖြူချောင်း၊ဆဖြိုတ်ချောင်း၊နမွန်းချောင်း၊ငိုက်ချောင်းနှင့်
ဂယ်လောင်းချောင်း တို့ဖြစ်ပါသည်။ပြင်ဦးလွင်မြို့နယ် အတွင်း စိးဆင်းနေသောချောင်းများ၏ ရေဆင်းပုံစံမှာ
ဆက်ဖြာရေဆင်းပုံစံဖြစ်ပါသည်။စီးဆင်လျက်ရှိသောချောင်းများပေါ်တွင်ရေတံခွန်များဖြစ်ပေါ်လျက်ရှိသည်။
ရေတံခွန်များ သည်အနိမ့်အမြင့် အမျိုးမျိုးရှိသော်လည်း အနိမ့်ဆုံးသည် ပေ ၂၀ နှင့် အမြင့်ဆုံးပေ ၃၃၀
ထိရှိသည်။
ရာသီဥတု
ပြင်ဦးလွင်မြို့နယ်သည် အပူပိုင်း ဇုံအတွင်း ကျရောက်ပြီး မန်လေးမြို့နှင့် လတ္တီတွဒ် တစ်တန်းတည်း
ကျရောက်တည်ရှိသော်လည်းမန်းလေးကဲသို့ ပူပြင်းချောက်သွေ့သောရာသီဥတုမရှိပေ။
ကုန်းမြေမြင့်မှု့ ကြောင့်ပိုအေးပြီး မိုးပိုမိုရရှိသည်။အထူးသဖြင့်အေးမြသောရာသီဥတုရှိပြီး အနားယူသော

တည်နေရာ နယ်နိမိတ်
ပြင်ဦးလွင်မြို့နယ်သည် မန္တလေးတိုင်း၊ပြင်ဦးလွင်ခရိုင်အတွင်းတွင် တည်ရှိသည်။
မန္တလေးတိုင်အတွင်းတည်ရှိစေကာမူမိုးနည်းရပ်ဝန်းတွင်မပါဝင်ပေ။
အကြောင်းကာမူ ရှမ်းကုန်ပြင်မြင့်၏ အနောက်ဘက်စွန်း ယေဘုယျအမြင့်ပေ ၃၀၀၀ကျော်
တွင်တည်ရှိပြီး၊မြေနိမ့်လွင်ပြင်တွင် တည်ရှိသော ကြောင့်ဖြစ်သည်။ပြင်ဦးးလွင်မြို့နယ် နှင့် ဆက်စပ်တည်ရှိသောမြို့နယ်လေးခုရှိသည် မြောက်ဘက်နှင့်အရှေ့မြောက်ဘက်တွင်
နောင်ချိုမြို့နယ်၊အနောက်မြောက်ဘက်တွင် မတ္တရာမြို့နယ်၊အနောက်ဘက်တွင် ပုသိမ်ကြီးမြိုနယ် နှင့် တောင်ဘက်နှင့်အနောက်ဘက်တွင် ကျောက်ဆည် မြို့နယ်တို့နှင့် ဆက်စပ်တည်ရှိသည်။
အကျယ်အ၀န်း
ပြင်ဦလွင်းမြို့နယ် ၏ တောင်နှင့်မြောက် အရှည်ဆုံးသောအလျားမှာ ၄၆ မိုင် ၊အကျဉ်းဆုံး(အတိုဆုံး) အလျားမှာ ၁၂မိုင်ခန့်ရှိပြိး အရှေ့ နှင့်အနောက် အကျယ်ဆုံးမိုင် ၃၀ နှင့် အကျဉ်းဆုံးမိုင် ၄ မိုင်ရှိသည်။ထို့ကြောင့် ဧရိယာအားဖြင့် ၇၆၃.၇၄ စတုရန်းမိုင်ရှိသည်။
မြေမျက်နှာသွင်ပြင်
ပြင်ဦးလွင်မြို့နယ်သည် ရှမ်းကုန်းမြင့် အနောက်ဘက်စွန်းတွင်တည်ရှိသောကြောင့် ကုန်းမြင့်ဒေသဖြစ်ပြီးတောင်ကုန်းထူထပ်ပေါများသည်။တောင်ပေါ်မြေပြန့်များကို အမြင့်ပေ ၃၀၀၀ အထက်တွင်အများဆုံးတွေ့ရသည်။အနိမ့်ဆုံးအပိုင်းသည် ပေ၃၀၀ နှင့် ၁၀၀၀ ကြားရှိ
တောစိတ်ပိုင်းဖြစ်ပြီးမြို့နယ် ဧရိယာ၏ ၃.၈ ရာခိုင်နှုန်း ခန့်ရှိသည်။ထိုဒေသများကို မြို့နယ်၏ အနောင်မြောက်ဘက်၊ အနောက်တောင်ဘက်နှင့်ဒုဋ္ဌ၀တီမြစ်တလျှောက်နှင့်အရှေ့ဘက်တွင်
အနည်းငယ်စီတွေ့ရသည်။

ဂျပန်
အမှတ် (၁၅) တပ်မတော် စစ်ဌာနချုပ် မေမြို့သို့ ပြောင်းရွှေ့လာပြီး ယခု အထက
(၄) နေရာတွင် စစ်ဌာနချုပ်ဖွင့်သည်။ အင်ဖာတိုက်ပွဲအတွက် စီစဉ်သည်။
၁၉၄၄ စက်တင်ဘာလ ၈ရက်နေ့စွဲဖြင့် ဂျပန်ခေတ်ဒေါက်တာဘမော် အစိုးရက အမိန့်ကြောာ်ငြာစာဖြင့် မေမြို့ကို (ပြင်ဦးလွင်) ဟုပြင်ဆင်သတ်မှတ်ခဲ့သည်။
၁၉၄၅ မတ်လ ၁၉ ရက်နေ့တွင် ဗြိတိသျှ အမှတ် (၁၉) တပ်မဟာ၊ ဘရီဂိတ် (၆၂) က မေမြို့ကု ဂျပန်လက်မှ ပြန်သိမ်းယူသည်။
၁၉၄၇ မတ်လ ၂၇ ရက်၊ ပင်လုံစာချုပ်နောက်ဆက်တွဲ ရီးစ်ဝီလျံ စုံစမ်းရေးမော်မရှင် မေမြို့တွင် ရုံထိုင်ပြီး အချို့တိုင်းရင်းသားလူမျိုးများ မြန်မာနှင့် ပေါင်းလို/မလိုစုံစမ်းမေးမြန်းခဲ့သည်။
၁၉၄၈ မေမြို့အ၀င် ကျောက်တော်တွင် လွတ်လပ်ရေး အထိမ်းအမှတ်အဖြစ် သံဃာ၊ ပြည်သူနှင့် တပ်မတော် ပူးပေါင်း လွတ်လပ်ရေး အောင်စေတီး ဘွဲ့အမည်ဖြင့် စေတီတည်သည်။
၁၉၄၉ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တွင် ကရင်သောင်းကျန်းသူ (ကေအင်ဒီအို) များမေမြို့ ကိုသိမ်းပိုက်သည်။

၁၇၈၇ ပြင်ဦးလွင် အမည်မပေါ်ပေါက်ခင်က ပြင်ဦး ဟူသောအမည်ဖြင့်ရွာတည်ရှိခဲ့ပြီ
ဖြစ်ကြောင်း
ဘိုးတော်ဘုရား၏ အမိန့်တော် တစ်ခုတွင်တွေ့ရှိရသည်...။
၁၈၅၀ ပုဂံမင်းလက်ထက် ပြင်ဦးလွင်ရွာ ဟု အမည်ပေးခဲ့သည်...။
၁၈၈၆ မြင်စိုင်းမင်းသား ခေါင်းဆောင်သောနယ်ချဲ့ ဆန့်ကျင်ရေး အင်အားစုသည် ဇီးပင်ကြီးစခန်းမှာ ခုခံတိုက်ခိုက်သည်....။ နိုဝင်ဘာလတွင် ပြင်ဦးလွင်သည် နယ်ချဲ့ဗြီတိသျှလက်အောင်ကျရောက်ခဲ့သည်...။
၁၈၈၇ စင်္ကြမင်းသား အမည်ခံ သူ့ကျွန်မခံ ပုဂ္ဂုလ်တစ်ဦး အင်အား ၃၀၀ နှင့်အတူ ပြင်ဦးလွင်ဒေသတွင် အင်္ဂလိပ်ကို တော်လှန်သည်။ လယ်မတိုက်ပွဲတွင် ပြင်ဦးလွင်ကိုအုပ်ချုပ်နေသော စစ်ဘက်မှ ဗိုလ်ဒါရာ
[Tt. Darrah]ကျဆုံးသည်...။ ။
၁၈၉၅ ဒီဇင်ဘာလတွင် မြို့ဟောင်းနှင့် ပြင်ဦးလွင် မီးရထားလမ်း စတင်ဖောက်လုပ်သည်...။ ။
၁၈၉၆ ဇွန်လတွင် မြန်မာပြည်၏ ယာယီ တိုင်းမင်းကြီးချုပ် မစ္စတာ ဒီအမ် စမီတန် [Mr. D. M. Smeaton] နှင့် မြန်မာပြည် အင်ဂျင်နီယာချုပ် မစ္စတာဟွိုင်းဖောက် [Mr. HoyFox,A.R.I.R.A]
တို့ပြင်ဦးလွင်သို့ရောက်ရှိလာပြီး တောင်စခန်းမြို့အဖြစ်ရွေးချယ်တည်ဆောက်ရန်ဆုံးဖြတ်သည်။
၁၈၉၇ ပြင်ဦးလွင်ကို (မေမြို့) ဟု အမည်ပြောင်းသည်...။ ။

Subscribe to:
Posts (Atom)