Pages

တည်နေရာ နယ်နိမိတ်

ပြင်ဦးလွင်မြို့နယ်သည် မန္တလေးတိုင်း၊ပြင်ဦးလွင်ခရိုင်အတွင်းတွင် တည်ရှိသည်။
မန္တလေးတိုင်အတွင်းတည်ရှိစေကာမူမိုးနည်းရပ်ဝန်းတွင်မပါဝင်ပေ။
အကြောင်းကာမူ ရှမ်းကုန်ပြင်မြင့်၏ အနောက်ဘက်စွန်း ယေဘုယျအမြင့်ပေ ၃၀၀၀ကျော်
တွင်တည်ရှိပြီး၊မြေနိမ့်လွင်ပြင်တွင် တည်ရှိသော ကြောင့်ဖြစ်သည်။ပြင်ဦးးလွင်မြို့နယ် နှင့် ဆက်စပ်တည်ရှိသောမြို့နယ်လေးခုရှိသည် မြောက်ဘက်နှင့်အရှေ့မြောက်ဘက်တွင်
နောင်ချိုမြို့နယ်၊အနောက်မြောက်ဘက်တွင် မတ္တရာမြို့နယ်၊အနောက်ဘက်တွင် ပုသိမ်ကြီးမြိုနယ် နှင့် တောင်ဘက်နှင့်အနောက်ဘက်တွင် ကျောက်ဆည် မြို့နယ်တို့နှင့် ဆက်စပ်တည်ရှိသည်။

အကျယ်အ၀န်း

ပြင်ဦလွင်းမြို့နယ် ၏ တောင်နှင့်မြောက် အရှည်ဆုံးသောအလျားမှာ ၄၆ မိုင် ၊အကျဉ်းဆုံး(အတိုဆုံး) အလျားမှာ ၁၂မိုင်ခန့်ရှိပြိး အရှေ့ နှင့်အနောက် အကျယ်ဆုံးမိုင် ၃၀ နှင့် အကျဉ်းဆုံးမိုင် ၄ မိုင်ရှိသည်။ထို့ကြောင့် ဧရိယာအားဖြင့် ၇၆၃.၇၄ စတုရန်းမိုင်ရှိသည်။

မြေမျက်နှာသွင်ပြင်

ပြင်ဦးလွင်မြို့နယ်သည် ရှမ်းကုန်းမြင့် အနောက်ဘက်စွန်းတွင်တည်ရှိသောကြောင့် ကုန်းမြင့်ဒေသဖြစ်ပြီးတောင်ကုန်းထူထပ်ပေါများသည်။တောင်ပေါ်မြေပြန့်များကို အမြင့်ပေ ၃၀၀၀ အထက်တွင်အများဆုံးတွေ့ရသည်။အနိမ့်ဆုံးအပိုင်းသည် ပေ၃၀၀ နှင့် ၁၀၀၀ ကြားရှိ
တောစိတ်ပိုင်းဖြစ်ပြီးမြို့နယ် ဧရိယာ၏ ၃.၈ ရာခိုင်နှုန်း ခန့်ရှိသည်။ထိုဒေသများကို မြို့နယ်၏ အနောင်မြောက်ဘက်၊ အနောက်တောင်ဘက်နှင့်ဒုဋ္ဌ၀တီမြစ်တလျှောက်နှင့်အရှေ့ဘက်တွင်
အနည်းငယ်စီတွေ့ရသည်။

အမြင့်ပေ၁၀၀၀ နှင့် ၂၀၀၀ အကြားရှိတောဒေသ မှာ ၁၅.၃ ရာခိုင်နှုန်းခန့်ရှိသည်။မြို့နယ်၏ အနောက်မြောက်ဘက်၊အနောက်တောင်ဘက် ဒုဋ္ဌ၀တီမြစ်၏မြောက်ဘက်အနီးတလျှောက် နှင့် မြို့နယ်၏ အရှေ့ဘက်တွင်တွေ့ရသည်။အနောက်တောင်ဘက်ပိုင်မှာ အကျယ်ပြန့်ဆုံးဖြစ်သည်။

အမြင်ကေ ၂၀၀၀ မှ ၃၀၀၀ကြားဒေသများကို မြို့နယ်၏ အရှေဘက်၊တောင်ဘက် နှင့် အနောက်တောင်ဘက်၊ အရှေ့မြောက်ဘက် တို့တွင်တွေ့ရပြီး မြို့နယ် ဧရိယာ ၏ ၂၈ ရာခိုင်နှုန်းခန့်ရှိပြီးဒုတိယ အကျယ်ဆုံးသော အစိတ်အပိုင်းဖြစ်သည်။

အမြင့်ပေ ၃၀၀၀နှင့်၄၀၀၀ ကြားဒေသမှာမြိုနယ်ဧရိယာ၏၄၆.၇ ရာခိုင်နှုန်းရှိပြီး

အကျယ်ပြန်ဆုံးအပိုင်းဖြစ်သည်။ မြို့နယ်၏ မြောက်ဘက်မှအစပြုပြီး အလယ်ဗဟို
တစ်ခုလုံးကိုဖုံးအုပ်ထားသည်။

အမြင်ပေ ၄၀၀၀ အထက်ကိုမူ မြို့နယ်ဧရိယာ၏ ၆.၂ ၇ာခိုင်နှုန်းခန့်သာတွေ့ရသည်။
အမြင့်ဆုံးအပိုင်ဖြစ်ပြီး နေရာ သုံးခုပြန့်ကျဲ လျှက်ရှိသည်။

ပထမနေရာမှာ ပြင်ဦးလွင်မြို့ ၏ အနောက်မြောက် ဘက် နှစ်မိုင်ခန့်အကွာတွင် 
အနောက်တောင်မှ အရှေ့မြောက် ဘက်သို့သွယ်တန်းလျှက်ရှိသည်။
အမြင့်ဆုံးမှာ အုပ်ဖိုတောင် (၄၁၅၅) ဖြစ်သည်။ဒုတိယ နေရာမှာ မန္တလေး ပြင်ဦးလွင်ကားလမ်း ၏ အရှေ့ဘက်နှစ်မိုင်အကွာတွင်ရှိ ပြီးတောင်အမည်မှာ ကျိုင်းတောင်(၄၁၆၅) မှာ အမြင်ဆုံးဖြစ်သည်။
တတိယနေရာမှာ ပြင်ဦးလွင်၏အရှေတောင်ဘက် ငါမိုင်ခန့်အကွာတွင်ရှိပြီး အမြင်ဆုံအပိုင်မှာ
စော်ဘွားတောင် (၄၈၁၃)ဖြစ်သည်။