ပြင်ဦးလွင်က သီပေါမင်း၏ အနွယ်တော်များ
အင်္ဂလိပ်တို့သည် အောက်မြန်မာနိုင်ငံကို ၁၈၅၂ ခုနှစ်တွင် အပြီးအပိုင် သိမ်းပိုက်ပြီးနောက်
အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ရန်အတွက် အင်္ဂလိပ်စစ်တပ်သသည် သရက်ညမြို့၌ ၁၈၈၅ ခုနှစ်တွင်
စုစည်းခဲ့ကြသည်။ အင်္ဂလိပ်စစ်တပ်သည်အမြောက်များနှင့် ခြေလျင်တပ်များကို ဖောင်ပေါ်တင်ကာ၊
ထိုဖောက်များကို မီးသင်္ဘောများဖြင့်ဆွဲပြီး ချီတက်လာကြသည်၊
နိုဝင်ဘာလ (၁၄)ရက်နေ့တွင် သရက်နှင့်မင်းလှကြားတွင်း မြန်မာသင်္ဘောများကို အင်္ဂလိပ်တို့ဘက်မှ
ဧရာဝတီနှင့်ကသရင်း သင်္ဘောနှစ်စင်းမှ တိုက်ခိုက်၏။ မြန်မာလက်အောက်တွင် အမှုထမ်းနေသော
အီတာလျံလူမျိုး ကိုမိုတိုသည်သင်္ဘောကို စွန့်ခွာ၍ ထွက်ပြေးလေသည်။ မြန်မာသင်္ဘောကို စွန့်ခွာ၍
ထွက်ပြေးလေသည်။
မြန်မာသင်္ဘောပေါ်မှ မြစ်ကြောင်းပိတ်ဆို့ရေး အစီအစဉ်ပြမြေပုံတစ်ခုကို အင်္ဂလိပ်တို့ ရရှိသွားသည်။
ထိုကြောင့် အင်္ဂလိပ်များသည် ဧရာဝတီမြစ်ရိုး မည်သည့်နေရာများ၌ ရေကြောင်းပိတ်ဆို့မှုများပြုလုပ်ရန်
မြန်မာများဘက်မှ စိုင်းပြင်းထားသည်ကို ကောင်းစွား သိရှိခွင့် ရရှိသွားလေသည်။သို့ဖြင့် အင်္ဂလိပ်တို့သည်
မည်သည့်နေရာ၌ တိုက်ပွဲပြင်းထန်မည်။မည်သည့်နေရာတွင် တိုက်ပွဲပြင်းထန်မည် မဟုတ်ဆိုသော
အချက်များကို ကြိုတင်သိရှိထားလေသည်။ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်သွားကြသော
အင်္ဂလိပ်တပ်များသည်မင်းလှတွင် မြန်မာတပ်များနှင့်အကြီးအကျယ်တိုက်ခိုက်ကြရ၏ ညောင်ဦးတွင်လည်း
အနည်းငယ် တိုက်ခိုက်ကြရ၏ တိုက်တိုင်းပင်ခေတ်မီလက်နက်ကိုင်ဆောင်ထားသောအင်္ဂလိပ်တပ်များက
အရေးသာသောကြောင့်ရှေ့သို့ ဆက်လက်ချီတက်မြဲချီတက်သွားကြသည် နိုဝင်ဘာလ (၂၅)
ရက်နေ့တွင်မြင်းခြံသို့ ဆိုက်ရောက်ခဲ့လေသည်။နိုဝင်ဘာလ (၂၈ ရက်နေ့၊ နံနက် (၁၀) နာရီ အချိန်တွင်
အင်္ဂလိပ်တပ်များသည် မန္တလေးသို့ ဆိုက်ရောက်လာကြပြီး ပရင်းဒါဂပ်သည် ကင်းဝန်မင်းကြီးအား
မိမိထံလာရောက်တွေ့ဆုံရန် ခေါ်ငင်ခဲ့သည်။သို့သော်ကင်းဝန်မင်းကြီး အချိန်မီရောက်လာခြင်း
မရှိသောကြောင့် သင်္ဘောများပေါ်မှအင်္ဂလိပ်စစ်တပ်များသည် ကုန်ပေါ်သို့ဆင်းကာ ဘင်ခရာအစုံအလင်
တီးမှုပြီး၊ နံဘေးဝဲယာမှ ကြည့်ရှုနေကြသည့် မန္တလေးမြို့သူမြို့သူများကြားမှမန္တလေးနန်းတော်ကြီးရှိရာသို့
ချီတက်သွားကြ၏။
ထိုတပ်များ၏ ရှေ့မှနေပြီး ကာနယ်စလေဒင်၊ ကာနယ်စလေဒင် ၏စကားပြန်ဖြစ်သူမစ္စတာနယ်ကောလက်
နှင့်ဧရာဝတီမီးသင်္ဘောကုမ္ပတီမှကပ္ပတိန်မော်ဂန်တို့လိုက်ပါလာကြသည်။မော်ဂန်မှာမှာ မန္တလေး
နန်းမြို့တော်အတွင်းပိုင်း၌ မည်သည့်အရာများ ရှိသည်ကို ကောင်းစွာသိသော နေရာကျွမ်းကျင်
သူဖြစ်သောကြောင့် ဖြစ်သည်။
နန်တော်ကြီး၏ အရှေဘက်တံခါးမှနေ၍ ကင်းဝန်မင်ကြီးက ကာနယ်စ လေဒင်အား ဆီကြိုသည်။
ကင်းဝန်းမင်းကြီးက စစ်တပ်များကို မူကားနန်းတော်သို့ ၀င်ခွင့်ပေးရန် မသင့်
ကြောင်း ပြောသောကြောင့်
ကာနယ်စလေဒင်သည် ဗိုလ်ချူပ် ပရင် ဒါဂပသိသာရန်
တံခါးဝတွင် စာတစ်စောင်းရေးပြီး ထားခဲ့၏။
မြန်နန်းပြားသာဒ်တော်ကြီးအတွင်းသို့ ကာနယ်စလေဒင်နှင့် ကင်းဝန်မင်းကြီး
တို့ဆိုက်ရောက်
သွားသောအခါ၌သီပေါမင်(၁၈၇၈-၁၈၈၅)နှင့်စုဖုရားလတ်တို့သည်သီဟာသနရာဇပလ္လင် ပေါ်တွင်
ယဉ်တွဲရှိနေကြသည်ကို တွေ့ရသည်။
မြန်မာစစ်သားအချို့နှင့် ၀န်းကြီးအချို့လည်း ၀ပ်ပြီးခစား နေကြသည်။
ဖိနပ်ကိုလည်း မချွတ်၊
တုပ်ကွရိုကျိုးခြင်းလည်း မရှိတော့ဘဲ မားမားမတ်မတ်ကြီး
ဝင်ရောက်လာသော ကာနယ်စလေဒင်ထံတွင်
သီပေါမင်း အညံ့ခံရလေတော့သည်။
သို့သော်လည်း အင်္ဂလိပ်တပ်များ ခေါ်ဆောင်ရာသို့ ချက်ချင်းလိုက်ပါနိုင်ခြင်းမပြုဘဲ နောက်တစ်နေ့မှ
ခေါ်ဆောင်သွားရန် စီစဉ်ထားလေသည်။
နောက်တစ်နေ့တွင် သီပေါမင်းမင်းအား မြစ်ဆိပ်(ဂေါဝိန်ဆိပ်)သင်္ဘောများ ရှိရာသို့ ခေါ်ဆောင်သွားရာ၌
ပထမဆုံး အင်္ဂလိပ်စစ်ဗိုလ်ချုပ် ပရင်ဒါဂပ်၊ ထိုနောက် အင်္ဂလိပ် အလံတော်၊
ထို့နောက်
အင်္ဂလိပ်ခြေလျင်တပ်သားများ၊ ထို့နောက် တိုင်းတားမင်းကြီး၊
ထို့နောက်ထီးဖြူလေးစင်းစိုက်သော
ဗိရိုလှည်း၌ သီပေါမင်း၊ စုဖုရားလတ်၊ဆင်ဖြူရှင်မိဖုရားကြီး တို့ကိုတင်ကာ နောက်မှအင်္ဂလိပ်
စပ်သားများက ဘင်ခရာများကို တီးမှုတ်ကာ ဆောင်ယူသွားကြ၏။
သီပေါမင်းပါသော ဗီရိုလှည်းအား သေနတ်လှံစွပ်ကိုင် အင်္ဂလိပ်စစ်သားများ
ဝန်းရံထားကြ၏။ မန္တလေးမှ
သီပေါမင်းအား သူရိယဟုခေါ်သော ဧရာဝတီ
ဖလုပ်တီးလားပိုင် သင်္ဘောပေါ် သို့တင်ကာ
ရန်ကုန်သို့ ခေါ်ဆောင်သွားလေသည်။
ရန်ကုန်သို့ ရောက်ရှိနေသောအခါ၌ ကန်နင်း (ဃညေညငညါ) ပင်လယ်ကူး
သင်္ဘောတစ်စင်းပေါ် သို့
တင်ကာ ပထမ အိန္ဒိယပြည် အဒရပ်မြို့သို့ ဆောင်ယူသည်။
ထိုနောက် ဘုံဘေနယ် ရတနာဂီရိမြို့တွင်
အကျယ်ချုပ် ဖြင့် ထားလေသည်။ ၁၉၁၆
ခုနှစ်တွင် ရတနာဂီရိမြို့၌ သီပေါမင်း နတ်ရွာစံပြီးနောက်
စုဖုရားလတ်အား
ရန်ကုန်သို့ ပြန်လည်သွားရောက် နေထိုင်ခဲ့သည်။
၁၂၈၇ ခု၊ နတ်တော်လဆန်း(၁၀)ရက်နေ့တွင် နတ်ရွာစံသောကြောင့် ရွှေတိဂုံစေတီတော် တောင်ဘက်၊
ကန်တော်မင် ပန်းခြံအတွင်းတွင် သင်္ဂြိုဟ်ခဲ့လေသည်။
၁၈၈၆ ခုနှစ်၊ဇန်န၀ါရီလ နေ့တွင်
မြန်မာနိုင်ငံအားပြီးအပိုင်သိမ်းပြီးကြောင်း သီပေါမင်း၏
ပိုင်နက်အားလုံးသည်
ဗြိတိသျှနိုင်ငံ ၀ိတိုရိယဘုရင်မကြီး၏ ပိုင်နက်ဖြစ်ကြောင်း၊
အိန္ဒိယဘုရင်ခံချုပ်က
အခါအားလျှော်စွာခန့်ထားသော အရာရှိများမှတစ်ဆေင့်
အုပ်ချုပ်သွားမည် ဖြစ်ကြောင်း
ဘုရင်ခံချုပ် လော့ဒပ်ဖရင်က ကြေညာလိုက်လေသည်။
သီပေါမင်းအား မြန်မာထီးနန်းမှ အင်္ဂလိပ်တို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့်အတူ
ကုန်းဘောင် မင်းဆက် ပြတ်စဲသွားခဲ့သည်။
မြန်မာဘုရင်းအုပ်ချုပ်ရေးစနစ်လည်းပျက်စီးပျောက်ကွယ်သွားခဲ့သည်။မြန်မာ့လွတ်လပ်ရေးလည်း
ဆုံးရှုံးသွားခဲ့သည်။ မြန်မာနိုင်ငံနှင့်
တကွ ပြည်ထောင်စုသားအားလုံးတို့လည်း ဗြိတိသျှတို့၏ ကျွန်ဘ၀သို့
ကျရောက်သွားကြရလေတော့သည်။
သီပေါမင်းနတ်ရွာစံ ပြီနောက် သမီးတော်(၄)ပါးအနက် တတိယသမီးတော် အရှင်ထိပ်စုမြတ်ဘုရားသည်
ပြင်ဦလွင်၌ လာရောက်နေထိုင်ခဲ့သည်။ တတိယသမိတော်တွင် တစ်ဦးတည်းသောသမီးဖြစ်သူ
ထိပ်စုကြီးဘုရားကို စတုတ္ထသမီတော် အရှင်ထိပ်စုမြတ်ဘုရားကလေးနှင့် ဦးကိုကိုနိုင်၏
တတိယသားတော် တော်ဘုရား နှင့်စုလျားရစ်ပတ်ခဲ့သည်။တော်ဘုရားမှာယခုအခါ သက်တော်
(၈၅) နှစ်ရှိပြီး၊ နှစ်ရှိပြီး၊ ပြင်ဦးလွင်မြို့၊သစ်တောလမ်း၊အိမ်အမှတ်(၁၃၃)၊သစ်တောလမ်း၊ငါးပါးသီလ
တော်ဘုရားတွင် ညီအစ်ကိုမောင်နှမ (၆) ယောက်ရှိသည်။
(၁) တော်ဘုရားကြီး၊
(၂) ထိပ်စုဘုရားကြီး၊
(၃) တော်ဘုရားငယ်၊ (သာသနာရေးညွှန်ကြားရေးမှူး-ငြိမ်း)၊
(၅) တော်ဘုရားလေး (စာရေးဆရာ အောင်ဇေ)၊
(၆) ထိပ်စုဘုရားထွေး တို့ဖြစ်ကြသည်။
ယခုအခါထို (၆) ယောက်အနက် ထိပ်စုဖုရားကြီးမှာ သက်တော်(၇၉) နှစ်တွင်ကွယ်လွန်ပြီး၊
တော်ဘုရားသာ သက်တော်ထင်ရှားလျက်ရှိသည်။
သီပေါမင်း၏ တတိယသမီးတော် (၂၁-၇-၁၉၆၂) ရက်နေ့တွင်ပြင်ဦးလွင်၌နတ်ရွာစံတော်မူသည်။
တော်ဘုရားနှင့် ကြင်ရာတော်တို့မှာ သားသမီး (၆) ယောက်ထွန်းကားခဲ့သည်။
၁။ တော်ဘုရားမြတ်ကြီး (ဦးထွန်ကျော်၊ အင်ဂျင်နီယာမှူးကြီး-ငြိမ်း)
၂။ တော်ဘုရားမြတ် (ဦးမြတ်၊ ရဲမှူး-ငြိမ်း၊)
၃။ တော်ဘုရားမြတ်အေး (ဦးမြတ်အေး၊ ဧည့်ကြို-ငြိမ်း၊)
၎။ စုဖုရားလေး (ဒေါ်လေးလေးမြတ်- မှီခို)၊
၅။ တော်ဘုရားမြတ်သိုက် (သစ်လုပ်ငန်းဌာန)၊
၆။ စုဘုရားနိုင် ဒေါ်နိုင်နိုင်ဝင်း၊ အထက်တန်းပြဆရာမ၊ အထက (၁) ၊ ပြင်ဦးလွင်)
တို့ဖြစ်သည်။