ဂျပန်
အမှတ် (၁၅) တပ်မတော် စစ်ဌာနချုပ် မေမြို့သို့ ပြောင်းရွှေ့လာပြီး ယခု အထက
(၄) နေရာတွင် စစ်ဌာနချုပ်ဖွင့်သည်။ အင်ဖာတိုက်ပွဲအတွက် စီစဉ်သည်။
၁၉၄၄ စက်တင်ဘာလ ၈ရက်နေ့စွဲဖြင့် ဂျပန်ခေတ်ဒေါက်တာဘမော် အစိုးရက အမိန့်ကြောာ်ငြာစာဖြင့် မေမြို့ကို (ပြင်ဦးလွင်) ဟုပြင်ဆင်သတ်မှတ်ခဲ့သည်။
၁၉၄၅ မတ်လ ၁၉ ရက်နေ့တွင် ဗြိတိသျှ အမှတ် (၁၉) တပ်မဟာ၊ ဘရီဂိတ် (၆၂) က မေမြို့ကု ဂျပန်လက်မှ ပြန်သိမ်းယူသည်။
၁၉၄၇ မတ်လ ၂၇ ရက်၊ ပင်လုံစာချုပ်နောက်ဆက်တွဲ ရီးစ်ဝီလျံ စုံစမ်းရေးမော်မရှင် မေမြို့တွင် ရုံထိုင်ပြီး အချို့တိုင်းရင်းသားလူမျိုးများ မြန်မာနှင့် ပေါင်းလို/မလိုစုံစမ်းမေးမြန်းခဲ့သည်။
၁၉၄၈ မေမြို့အ၀င် ကျောက်တော်တွင် လွတ်လပ်ရေး အထိမ်းအမှတ်အဖြစ် သံဃာ၊ ပြည်သူနှင့် တပ်မတော် ပူးပေါင်း လွတ်လပ်ရေး အောင်စေတီး ဘွဲ့အမည်ဖြင့် စေတီတည်သည်။
၁၉၄၉ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တွင် ကရင်သောင်းကျန်းသူ (ကေအင်ဒီအို) များမေမြို့ ကိုသိမ်းပိုက်သည်။
ကရင်သောင်းကျန်းသူများကို ယောက်ျားများနှင့် အတူ ရင်ပေါင်းတန်းပြီး ရဲစွမ်းသတ္တိပြ တိုက်ခိုက်ခဲ့ရာ မှသူမ လက်ချက်ကြောင့် သောင်းကျန်းသူ အတော်များများ သေဆုံးခဲ့သည်။ ထို့နောက်
ကရင်သောင်းကျန်းသူများက ဖမ်းဆီးရမိသွားပြီး ၈-၄-၄၉ ရက်နေ့တွင် သတ်ပစ်လိုက်သည်။ (နိုင်ငံတော်က သူ့အားနောင်သောအခါ သူရဘွဲ့ ချီးမြှင့်ခဲ့သဖြင့် (သူရ မချစ်ပို) ဟု ထင်ရှားခဲ့သည်။
ဧပြီလ ၁၇ ရက်နေ့တွင် ဗမာ့တပ်မတော် နှင့် ပြည်သူလူထုပူးပေါင်းပြီး ကရင်သောင်းကျန်းသူလက်မှ မေမြို့ကို ကယ်တင်နိုင်ခဲ့သည်။
၁၉၅၃- ယူဂိုဆလပ် သမ္မတ မာရှယ်တီတိုး၊ တရုတ်ဝန်ကြီးချုပ် ချောင်အင်လိုင်း၊ အစ္စရေးသမ္မတ မစ္စတာဗင်းဇီး၊ စစ္စရေး ၀န်ကြီးချုပ် မစ္စတာ ဒေးဗစ်ဘင်ဂးရီယန်၊ ဆိုဗိယက် ရုရုား ၀န်ကြီးချုပ်
ဘူဂါနင်နှင့် ကွန်မြူနစ်ပါတီ အတွင်းရေးမှုးမစ္စခရူးရှက်၊ ကမ္ဘေားဒီးယားမင်းသားကြီးသီဟာနု၊ လာအိုဘုရင်တို့ ပြင်ဦးလွင်သို့ လာရောက်လည်ပတ်ကြသည်။
၁၉၅၃ ပြင်ဦးလွင်မြို့ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း [YMBA] မှ မဟာဒုတ်မြသပိတ်ပွဲတော် စတင်ကျင်းပသည်။
စစ်တက္ကသိုလ်ကို ဗထူးမြို့မှ မေမြို့သို့ပြောင်းရွှေဖွင့်လှုစ်သည်။
၁၉၅၉ ဘုရင်ခံကုန်းတွင် လွတ်လပ်ရေးကျောက်တိုင်နှင့်မြို့တော်ခန်းမ တည်ဆောက်သည်။
၁၉၆၂ တော်လှန်ရေးကောင်စီအစိုးရ အုပ်ချုပ်သည်။
၁၉၆၄ ဒီဇင်ဘာလ ၁၂ ရက်တွင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပါတီယူနစ် စတင်ဖွဲ့စည်းသည်။
၁၉၇၁ မတ်လ ၃၀ ရက်မှ ဧပြီလ ၆ရက်နေ့အထိ မြို့တည် (၇၅) နှစ်မြောက်ပါတော်ကို မေမြို့အားကစားကွင်း တွင်ကျင်းပသည်။
တစ်မြို့နယ်လုံး (အ) သုံးလုံးသင်တန်းဖွင့်ပြီး စာမတတ်သူ ၆၅ ရားခိုင်နှုန်း စာတတ်မြောက်စေခဲ့သည်။
၁၉၇၄ ဇန်န၀ါရီလ ၂၇ ရက်တွင် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ပထမအကြီမ် ပြည်သူ့လွှတ်တော်နှင့် ကောင်စီအဆင့်ဆင့် ရွှေးချယ်တင်မြှောက်ပွှဲကျင်းပသည်။
၁၉၈၀ မြို့နယ် စာပေလုပ်သားအဖွဲ့ ဖွဲ့စည်းသည်။
၁၉၈၃ စက်တင်ဘာလ ၂ ရက် မေမြို့မှ မန္တလေးသို့ထွက်ခွာသော လူစီးလော်ကယ်ရထားအမှတ် (၁၃၄)သုံးတောင်ဘူတာနှင့် ဇီးပင်ကြီးဘူတာအကြား တိမ်းမှောက် ခရီးသည်၅၃ ဦးသေဆုံးပြီး ၂၂၅ ဦး ဒဏ်ရာရှိသည်။