Pages


မြန်မာမင်းလက်ထက်က ပြင်ဦးလွင်

မြန်မာမင်းလက်ထက်က ပြင်ဦးလွင်အပါအ၀င် ၀က်ဝံ၊ပြင်သာ(ပြင်စာ)၊ဇီးပင်ကြီးရွာ များတွင်အောက်ပါ

ရာထူးများ ပေးပြီးအဆင့်ဆင့်အုပ်ချုပ်၍ အခွန်ငွေများ ပေးဆောင်ကြရသည်။

(၁) ရွာအုပ်ကြီး

(၂) ရာအိမ်မှူးများ

(၃) ဆယ်အိမ်မှူးများ


ထို့ပြင် ပြင်ဦလွင်ဒေသတွင် အောက်ပါဖော်ပြပါ အမည်များဖြင့် နယ်ခွဲ၍ အုပ်ချုပ်ခဲ့ စေသည်။


(၁) ပြင်ဦးလွင်

(၂) လက်ျာ ခြောက်ရွာ (တောင်)

(၃) လက်ျာ ခြောက်ရွာ (မြောက်)

(၄) အုန်းခွန် (အုန်းကွန်)

အခွန်တော်ငွေ ကောက်ခံရာတွင် ကျေးလက်တောရွာနေ တောင်သူလယ်သမားမျာ၏လယ်ယာကိုင်းကျွန်းမှ

ထွက်ရှိသော သီနှံများအပေါ် ဆယ်ခိုင်တစ်ခိုင်ကောက်ခံခြင်း၊ စပါးစိုက်ပျိုး သူတို့ထံမှ အခွန်တ်ေအဖြစ်

စပါးတစ်ရာပေါ်၌ ငွေသားနှစ်ကျပ် ကောက်ခံလေသည်။ ရွာအုပ်များ၊ သူကြီးများက ကျေးရွာလူထုထံမှ

အမှုသေး၊ အမှုငယ်များ တိုင်တန်းသည့်အခါ၌ (ကွမ်းဘိုး) ဟုခေါ်သော အခွန်များကို

အမျိုးမျိုးကောက်ခံကြသည်။

(၁၂၁၄) ခုနှစ် တပါင်းလဆန်း (၁၁) ရက်နေ့ တွင် နန်းတက်တော်မူသော မင်းတုန်းမင်းတရားကြီး

လက်ထက်၌ အခွန်တော်ကောက်ခံရေး စနစ်ကို (၁၂၂၉) ခုနှစ်မှ စတင်၍ တောင်သူလယ်သမားများ၊

ဆင်းရဲသားတို့ ထံမှ အခွန်တော် အမျိုးမျိုးကောာက်ခံစေခြင်း မပြုစေဘဲ၊ မြန်မာနိုင်ငံလုံးတစ်ပြေးညီစွာ

သတ်မှတ်ထားသည့် (သဿမေဓအခွန်တော်) ကိုသာ စည်းကြပ်ကောက်ခံစေခဲ့သည်။

ပြင်ဦးလွင်ဒေသတွင်လည်း ထိုအချိန်က သဿမေစအခွန်တော်ကို ကောက်ခံခဲ့သည့်

အထောက်အထားတစ်ခုကို တွေ့ရသည်။

ယခု မန္တလေး-ပြင်ဦးလွင် ကားလမ်း (၂၁) မိုင်စခန်းအနီးတွင် တည်ရှိသော ညောင်ပေါရွာ

ဘုန်းကြီးကျောင်းမှ ပဌမဆရာတော်သည် သီပေါမင်းဘုရင်နှင့် ငယ်စဉ်အခါက ကိုရင်ဘ၀တွင်

အတူတကွ စာပြန်ခဲ့ဖူးသည့် ဆရာတော်ဖြစ်သည်။

ညောင်ပေါဆရာတ်ာဘုရားသည် ပထမပြန်စာမေးပွဲ အောင်မြင်ခဲ့သောအခါ ဆရာတော်၏

မိဘသားချင်းများကို သဿပေဓအခွန်တော် ကင်းလွတ်ခွင့်ပြုကြောင်း နေပြည်တော်

သဿမေဓဌနချုပ်အတွင်းဝန် ပင်းမြိုးစားမင်း ၏ (၁၂၃၉) ခုနှစ် စာချွန်တော်ကို အောက်ပါအတိုင်း

ထုတ်ပြန်ခဲ့သည်။


အမိန့်စာချွန်တော်


အုန်းကျွန်းရွာ (သဿမေဓ) အခွန်တော် အရာရှိတို့နှင့် ကျေးရွာ စီရင်စုသူကြီးခေါင်း အကြီးတို့

မင်္ဂလာရာမတိုက်ဆရာတပည့် (၁၂၃၉) ခုနှစ်၊ ပဌမစာတော်ပြန် ရဟန်းတော်ရှင် စမ္မဘိဝံသ၏

အရင်းခြားအစ်ကို၊အစ်မတို့ကို(သဿမေဓ)အခွန်တော်ငွေမစ၍မ င်းမှုခင်းရိတ်ကြေးငွေအသေးအဖွဲ့

အခွဲအခန့်လူပအစေအပါးမရှိ၊နှစ်စဉ်ပဌမပြန်မိဘအစ်ကိုတို့နည်းလွတ်ပြီးမင်းစေဘုရားအမိန့်တော်မြတ်ကို

ဦးထိပ်ထက်ဆင်ရသည့် အတွက် မင်္ဂလာရာမတိုက်ဆရာတော် တပည့်ပဌမစာတော်ပြန် ရဟန်းအရှင်

စမ္မာဘိဝံသ မိဘအစ်ကိုရင်းခြားမှန်သူ အုန်းကျွန်းနယ်စီရင်စု (ညောင်ပေါရွာ) က-င၀ အမိ မိသိန်း ဦရီး

ငထွေး၊ မယားမိစံ၊ ၎င်းင်းပထွေးတော် အစ်ကို ငချမ်းအို၊ ၎င်းကျော်ဝ ၎င်းငကြူတို့ကို (သဿမေဓ)

အခွန်တော်ငွေ အတောင်းအခံမရှိ ရဟန်းတော် တစ်ဘ၀ လွတ်ငြိမ်းစေရမည်။
အထက်ပါ အမိန့် စချွန်တော်ကို ထောက်ရှုခြင်းအားဖြင့် မြန်မာမင်းများလက်ထက်က

ပြင်ဦးလွင်ဒေသ ကျေးရွာများမှာ သဿမေဓ အခွန်တော် ကောက်ခံခဲ့ကြောင်း ထင်ရှားလေသည်။

မြန်မာမင်းများလက်ထက်က ပြင်းဦးလွင် ဟုခေါ်ဆိုခဲ့ခြင်းနှင့် ပတ်သက်၍ ခရစ်သက္ကရာဇ် (၁၉၁၆)ခု၊

သြဂုတ်လ (၁၆) ရက်နေ့ထုတ် မေမြို့တောင်းကော်မတီလက်စွဲစာအုပ်

(Maymyo Town Committee HAND Book ) တွင် အင်္ဂလိပ်ဘာသာဖြင့် အောက်ဖော်ပြပါအတိုင်း

အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရသည်။

“Under Burmese rule it was the seat of a Ne-ok, an official corresponding to a Township Officers, and was called Pyinoolwin, which ajpparently means first open space beyond. It was so named because the dense jungle which cover the plateau falls away the town and open apace appear”

သီပေါမင်းလက်ထက် နောက်ဆုံး ပြင်ဦးလွင်ဒေသတွင် အုပ်ချုပ်ခဲ့သော မင်းမှုထမ်းများကို အင်္ဂလိပ်တို့က

ရာထူးများ ပေးသိမ်းသွင်းခဲ့ရာတွင် ပြင်သာ (ပြင်စာ) မှ မြို့နယ်၊ မြို့သူကြီး ရွေဓားဆွဲဗိုလ်ဦးဘိုးတုတ်အား

မြို့အုပ်ရာထူး ပေး၍လည်းကောင်း၊တွင်းငယ်ရွှေဓားဗိုလ် ဗိုလ်ငယ်အား မြို့အုပ်ရာထူးပေးသော်လည်း

ကျန်းမာရေးကို အကြောင်းပြပြီး ရာထူးမယူခဲ့သည့်အတွက် ရိက္ခာတော် ထောက်ပံ့ခဲ့သည်။

ပြင်ဦးလွင်မှ ရေချမ်းအို ရွာသာဥယျာဉ်အုပ်လက်ျာတောင်းမှူး ဦးသာလှိုင်နှင့် ၀က်ဝံမှ ဦးစံရွင်တို့ကိုလည်း

မြို့အုပ်ရာထူးများ အသီးသီး ပေးပြီး နယ်ခွဲအုပ်ချုပ်စေခဲ့သည်။