၁၇၈၇ ပြင်ဦးလွင် အမည်မပေါ်ပေါက်ခင်က ပြင်ဦး ဟူသောအမည်ဖြင့်ရွာတည်ရှိခဲ့ပြီ
ဖြစ်ကြောင်း
ဘိုးတော်ဘုရား၏ အမိန့်တော် တစ်ခုတွင်တွေ့ရှိရသည်...။
၁၈၅၀ ပုဂံမင်းလက်ထက် ပြင်ဦးလွင်ရွာ ဟု အမည်ပေးခဲ့သည်...။
၁၈၈၆
မြင်စိုင်းမင်းသား ခေါင်းဆောင်သောနယ်ချဲ့ ဆန့်ကျင်ရေး အင်အားစုသည်
ဇီးပင်ကြီးစခန်းမှာ ခုခံတိုက်ခိုက်သည်....။ နိုဝင်ဘာလတွင် ပြင်ဦးလွင်သည်
နယ်ချဲ့ဗြီတိသျှလက်အောင်ကျရောက်ခဲ့သည်...။
၁၈၈၇ စင်္ကြမင်းသား အမည်ခံ
သူ့ကျွန်မခံ ပုဂ္ဂုလ်တစ်ဦး အင်အား ၃၀၀ နှင့်အတူ ပြင်ဦးလွင်ဒေသတွင်
အင်္ဂလိပ်ကို တော်လှန်သည်။ လယ်မတိုက်ပွဲတွင် ပြင်ဦးလွင်ကိုအုပ်ချုပ်နေသော
စစ်ဘက်မှ ဗိုလ်ဒါရာ
[Tt. Darrah]ကျဆုံးသည်...။ ။
၁၈၉၅ ဒီဇင်ဘာလတွင် မြို့ဟောင်းနှင့် ပြင်ဦးလွင် မီးရထားလမ်း စတင်ဖောက်လုပ်သည်...။ ။
၁၈၉၆
ဇွန်လတွင် မြန်မာပြည်၏ ယာယီ တိုင်းမင်းကြီးချုပ် မစ္စတာ ဒီအမ် စမီတန် [Mr.
D. M. Smeaton] နှင့် မြန်မာပြည် အင်ဂျင်နီယာချုပ် မစ္စတာဟွိုင်းဖောက် [Mr. HoyFox,A.R.I.R.A]
တို့ပြင်ဦးလွင်သို့ရောက်ရှိလာပြီး
တောင်စခန်းမြို့အဖြစ်ရွေးချယ်တည်ဆောက်ရန်ဆုံးဖြတ်သည်။
၁၈၉၇ ပြင်ဦးလွင်ကို (မေမြို့) ဟု အမည်ပြောင်းသည်...။ ။
၁၉၀၀ ဧပြီလ ၁ရက်နေ့တွင် မြို့ဟောင်းနှင့် မေမြို့မီရထားလမ်းဖွင်သည်...။ ။ မေလ၂၀ ရက်နေ့မေမြို့မှ နောင်ချိုမီရထားလမ်း ဖွင့်သည်။
၁၉၀၁ မေမြို့ လူဦးရေ ၁၂၅၉ ဦးရှိသည်...။ ။
၁၉၄၁ စစ်သုံးပန်းများဖြင့် ကန်တော်ကြီးကို တူးဖော်သည်... ။ ။
၁၉၁၇ ရုက္ခဗေဒဥယျဉ်ကို တရားဝင် တည်ထောင်သည်... ။ ။
၁၉၁၉ စာရေးဆရာကြီး မောရစ် ကောလစ် မေမြို့နယ်ပိုင်-၀န်ထောက် အဖြစ် ထမ်းဆောင်ရသည်...။
၁၉၂၁ ပထမဦးဆုံး အကြီမ် သန်းခေါင်စာရင်းကောက်ယူရာ လူဦးရေ ၁၆၅၅၈ ဦး ဖြစ်သည်...။ ။
၁၉၂၃ ဇန်န၀ါရီလ ၁ ရက်နေ့တွင်မေမြို့ မြူနီစီပယ်အဖွဲ့ကိုဖွဲစည်းသည်... ။
၁၉၃၆ မေမြို့နာရီစင်ကြီး[Purcell Tower]ဖွင့်သည်... ။ ။
၁၉၄၂
ဖေဖော်ဝါရီလတွင် အင်္ဂခိပ် လက်ထက်မြန်မာနိုင်ငံ အစိုးရအဖွဲ့ရန်ကုန်မှ
မေမြို့သို့ပြောင်းရွှေလာသည်....။ မေလတွင် မေမြို့ကို ဂျပန်သိမ်းသည်... ။