သဘာဝပေါက်ပင်
ပြင်ဦးလွင်မြို့နယ် အတွင်း သဘာဝပေါက်ပင် အမျိုးအစားများ ကိုခွဲခြားသောအမြဲစိမ်းတော၊
အထက်ရွက်ပြတ်ရောနှောတောစို၊အထက်ရွက်ပြတ်ရောနှောတောခြောက်၊ရွက်ပြတ်ရောနှောတော၊
အင်တိုင်းတောနှင့်၊အင်တိုင်းချုံတော၊တောင်ပေါ်တောခြောက်တော ၆ မျိုး ကွဲပြားလျက်ရှိသည်။
သစ်တောအမျိုးအစားလိုက်အဓီကပေါက်ရောက်သောအပင်များမှာ အမြဲစိမ်းတောတွင်-
ကညင်၊ပျဉ်းကတိုး၊၀ါးပိုး မျက်ဆံကျယ် နှင့် ထီးဝါးတို့ဖြစ်သည်။
အထက်ရွက်ပြတ်တောစိုတွင်-ကျွန်း၊ပျဉ်ကတိုး၊အင်၊အင်ကြင်း၊ထောက်ကြံ့၊သစ်ယာ၊နှော၊ဘင်္ဂ၊
ဝါးပိုးမျက်ဆန်ကျယ်၊၀ါးဖြူကြီး၊တင်းဝါး တို့ပေါက်ရောက်သည်။
အထက်ပါရောနှောတောခြောက်တွင် ကျွန်း၊ပျဉ်ကတိုး၊ဖက်ဝန်း၊ဂျီ၊ ပိတောက်၊နှော၊တင်းဝါး၊သနပ်ခါး၊
မျှင်ဝါး၊၀ါးဖြူကလေး၊၀ါးဖြူကြီး များပေါက်ရောက်သည်။
အောက်ရွက်ပြတ်ရောနှောတောတွင်ဖက်စို့၊ဖက်ခါး၊မျောက်ငို၊သပြေ၊ဂုံး၊သင်းဝင်၊ထောက်ကြံ့၊ရေပတုန်း၊
စသည်တို့ပေါက်သည်။
အင်တိုင်တောမြင့်တွင်-အင်၊သစ်ယာ၊အင်ကြင်း၊သစ်စေး၊တညင်၊၀ါးဘိုး၊ အတော်များများ
ပေါက်ရောက်သည်။အင်တိုင်ချုံတောတွင် အင်၊အင်ကြင်း၊သစ်ယာနှင့်ဝါးများလည်း ပေါက်ရောက်သည်။
တောင်ပေါ်တောခြောက်တွင် ၀က်သစ်ချ၊သစ်အယ်၊ညံ၊စကပ်၊သစ်ချ၊မက်လိန်၊ရင်းဂူကြီး၊ဖက်ကြံ့၊ဂုံး
တို့ပေါက်ရောက်သည်။
မြေဆီလွှာ
ပြင်ဦးလွင်မြို့နယ်သည် ကုန်းမြင့်ဖြစ်သည့်အလျောက် အပူပိုင်းခြောက်သွေ့ဒေသနှင့်ဆက်စပ်နေသည့်
အလျောက် မြေဆီလွာ အမျိုးအစားစုံလင်စွာတွေ့ရသည်။ရေဆင်းနှင့်ရာသီဥတု အနေအထားအလိုက်
တွေ့ရသော မြေဆီလွာအမျိုးအစားများမှာလယ်မြေ၀ါ၊မြေ၀ါသဲဝန်း၊မြေနီနှင့် တောင်မြင့်မြေနီ၊ကာဘွန်နိတ်
မြေမည်းများဟု ကွဲပြားတွေရှိရသည်။