Pages

ပြင်ဦးလွင်

ပြင်ဦးလွင်ကို သက္ကရာဇ် ၁၂၁၂(၁၈၅၀) ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်ဟု သုသေသီများ

ဆိုကြသည်။ထိုသို့ဆိုရခြင်းမှာ အောင်မြေဘုံသာကျောက်စာအရဆိုရခြင်ဖြစ်သည်။ယင်းကျောက်စာမှာ-

မဟာသောဘိတရာမကျောင်းတိုက်(ဈေးတောင်ကျောင်းကြီ)၀င်း၊

အောင်မြေဘုံသာ မဟာဆုတောင်းပြည့်စေတီ ၏ တောင်ဘက်ခြေတော်ရင်း၌

စိုက်ထူထား၍ ကျောက်စာတိုင်နှစ်တိုင်ရှိသည့် အနက်အနောက်ဘက်ကျောက်စာဖြစ်သည်။

နှစ်မျက်နှာရေးထိုးထားပြီး ပြင်ဦးလွင် သမိုင်းအစနှင့် စပ်လျဉ်း၍ ကျောက်စာ၏ မျက်နှာ

ဘက်ကြောင်းရေ(၁၉-၂၀)တွင်-


ကောဇာဒီယ၊ထောင့်နှစ်ရာမှစွန်းထတစ်ဆယ်၊နှစ်ခုကယ်၍၊တိုင်းဝယ်ဋ္ဌာန၊ကမ္ဗောဇတွင်၊
  
ဒေသတစိတ်စိုးမိုးကြိတ်သည်၊ဂုဏ်ဟိတ်တောက်ထိန်၊မဟာဟု၊မနိန်စင်ဖြူ၊
  
မောင်ခန်းဦးနှင့်မတူမယွင်း၊သူကြီးမင်းတည့်၊သတင်းပြန့်မွှေး၊မောင်မောင်ဒွေးတို့၊
   
စုဝေးတိုင်ပင်၊ပြင်ဦးလွင်ဟုမည်တွင်မည့်ဆောင်ရွာတည်ထောင်၍


ဟုပါရှိရာ ပြင်ဦးလွင် ကိုသက္ကရာဇ် ၁၂၁၂ (၁၈၅၀)တွင်စတင်ပေါ်ပေါက်ကြောင်း

အခိုင်အမာဆိုကြခြင်းဖြစ်သည်။ကျောက်စာရေးထိုးသည့် နှစ်ကိုကျောက်စာ၏ ကြောင်းရေ(၂၁)တွင်

 

မြန်လျင်ဝေါဟာ၊နှစ်ကောဇာကား၊အဌာသတ္တ၊ဒွီဧကတည့်


ဟုပါရှိသဖြင့် ပိဋကတ်သင်္ချာနည်းအရ သက္ကရာဇ် ၁၂၇၈(၁၉၁၆)ခုနှစ်ရေးထိုးကြောင်သိရသည်။

သက္ကရာဇ် ၁၂၁၂ ခုနှစ် ၊ပြင်ဦးလွင်စတင်တည်ထောင်သည့်အကြောင်းအရာကို သက္ကရာဇ်



၁၂၇၀ခု၊နှစ်ပေါင်း(၆၆)နှစ်ကြာညောင်းကာမှ ရေးထိုးထားသဖြင့် ခေတ်ပြိုင်မဟုတ်ဘဲ နှောင်းခေတ်

ရေးထိုးကျောက်စာမျိုးသည်ခိုင်လုံအားကိုးလောက်သည့် ကျောက်စာမျိုးကားမဟုတ်ချေ။

ပြင်ဦးလွင်ကို အောင်မြေဘုံသာကျောက်စာအရ သက္ကရာဇ် ၁၂၁၂ တွင်တည်ထောင်သောရွာမဟုတ်ဘဲ

သက္ကရာဇ် ၁၁၄၉(၁၇၈၇) မတိုင်မီ ကတည်းက ပြင်ဦး ဆိုသောနာမည်ရွာအမည်ဖြင့်

တည်ရှိနေပြီဖြစ်ကြောင်း ဗဒုံမင်း(ဘိုးတော်ဘုရား) ၏ အမိန့်တော်တစ်ခုတွင် တွေ့ရသည်။

သက္ကရာဇ်(၁၁၄၉)ခု၊သီးတင်ကျွတ်လဆန်း(၁၃)ရက်၊၁၇၈၇ ခုနှစ်အောက်တိုဘာ ၁၂ ရက်နေ့

နာခံပြော့ကြီး ၏ အမိန့်တော်တွင် အောက်ပါအတိုင်တွေ့ရသည်။


ကျွန်းလှဆည်မြောင်းမတော်ရေသွာရေလာကျဉ်း၍ဆည်တော်ရေအောင်ပင်လည်ကန်သို့

အရောက်အပေါက်နည်းသည်။မြောင်းမတော်အနံသုံးတောင်ချ၍မြောင်းပေါင်ကိုမဖိတ်လျှံ

ရအောင်အုန်းကွမ်း၊ငှက်ကြီးသိုက်၊အုန်းကြော၊ရက်မန်းရက်၊သားရဲကြောင်၊ဓာပြိုင်နက်ချိုင့်

ဆင်ခေါင်း၊၀က်ဝံ၊မုန်တော၊ကင်းတုန်၊ပယ်မြို့သစ်၊ညောင် နီပင်၊ရွေစာရံ၊ဇရစ်ပင်ပြင်ဦး၊

လက်ပံကျေးရွာများနှင့်ဆည်တောင်မြောင်းတော်အောင်ပင်လယ်ဆည်ရေသောက်ဖို့လုပ်

ဆောင်မြဲကျေးရွာများမည်သသူ အမှုထမ်းလူစု အ(မ)ဆိုခန့်ထားနှိုးဆော်၍ဆည်ဖို့တူးလုပ်

စေ၊သက္ကရာဇ် ၁၁၄၉ ခု၊သီတင်းကျွတ်လဆန်း(၁၃)ရက် နာခံပြော့ကြီး မှူးပြန်

ယင်အမိန့်တော်တွင်ပုသိမ်ကြီးမြို့နယ်၊အမရပူရမြို့နယ် နှင့်ပြင်ဦးလွင်မြို့နယ်ဝင်ကျေးရွာများကိုတွေ့

ရသည်။အုန်းတော်၊ငှက်ကြီးသိုက်၊ဝက်ဝံ၊ဆင်ခေါင်းကြီးတို့သည် ပြင်ဦးလွင်မြို့နယ်ကျေးရွာများဖြစ်ပြီး

ပြင်ဦးလွင် ကိုထိုစဉ်က ပြင်သီး ဟုရေးသားဖေါ်ပြခဲ့သည်။ဓားပြိုက်နက်ချိုင့် သည် ယခု

ဓါတ်တော်ချိုင့်နှင့်ဆက်နွယ်နေမည်ဟု မှန်ဆရသည်။

ယင်းအမိန့်တော်ကိုထောက်ရှု့၍ ပြင်ဦးလွင်ကို သက္ကရာဇ် ၁၁၄၉ ခုနှစ် ကတည်းက ပြင်ဦး

ဟူသော ရွာနာမည်ဖြင့် တည်ရှိခဲပြီးဖြစ်ကြောင်း အခိုင်အမာဆိုနိုင်သည်။

ပြင်ဦးလွင်သည် ပြင်ဦးမှ ဆင်းသက်လာသော ရွာအမည်ဖြစ်ပြီး ပြင်ဦးလွင် သို့မည်သည်

အချိန်ကလျောဆင်းခဲ့ကြောင်း ကိုမူ အထောက်အထား အခိုင်အမာ မတွေ့ရှိရသေးပေ။

အေဒီ(၁၈၈၅)ခု၊နိုဝင်ဘာလတွင်ကုန်းသာ၊ဆီဆုံ၊ဇီးပင်ကြီးဇီးပင်ကလေး၊ပိ န္နဲပင်၊ဆင်ခေါင်း၊၀က်ဝံ

ရေငယ်၊ပြင်ဦးလွင် ကျေးရွာများနှင့် စပ်လျဉ်း၍ အင်္ဂလိပ်မှတ်တမ်းများတွင် တွေ့ရှိရသည်။

ယင်းတမ်းများအရ ပြင်ဦးလွင် ရွာမည်ဖြင့် တည်ရှိပြီးဖြစ်သည် ဟုယူဆရသည်။ထို့ကြောင့်ပြင်ဦးလွင်

သို့ရွေ့လျားလာပုံတွင်အောင်မြေဘုံသာကျောက်စာတစ်ခုတည်းသာသဲလွန်စ အဖြစ်တွေရှိရ သဖြင့်

သက္ကရာဇ်(၁၂၁၂)ခုနှစ်တွင် ပြင်ဦး မှ ပြင်ဦးလွင်သို့ရွေ့လျောဆင်သက်လာနိုင်သည်ဟုမှတ်ယူရန်ရှိသည်။

ပြင်ဦးလွင် ၌ ရှေးလူကြီးများ အဆိုရှိခဲ့သည်မှာ ပြင်ဦး၊ပြင်ကြီး၊ပြင်စာ ပြင်သုံးပြင်၊တစ်ပြင်ကောင်းစားမည်

ဟုတဘောင်းပေါ်ပေါက်ခဲ့ဖူးကြောင်းမှတ်သားမိပါသည်။တဘောင်အရ ရှမ်းနှင့်ဓနု

တိုင်းရင်သားများ နေထိုင်ခဲ့ကြသော ပြင်ဦးရွာကလေးမှာ ပြင်ဦးလွင်အမည် ဖြင့်ကောင်းစားနေပါသည်။